October 23, 2024

၇. ၃. ၂၀၂၃

Written by Thettant

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်မည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများကို ယခင်နှစ်နည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ ၁၃ ရ​က်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့တွင် အသိပေးထားသည်။

ယိမ်းပြိုင်ပွဲများကို ၁၂ ဦးယိမ်း (မူကြို ကျောင်းများ)၊ ၁၂ ဦးယိမ်း(ကျောင်းများ)၊ ၁၂ ဦး ယိမ်း (ရုံး/အခြားဌာနများ)၊ ၁၆ ဦး ယိမ်း (ကျောင်းများ)၊ ၁၆ ဦးယိမ်း (ရုံး/ အခြားဌာနများ)၊ ၂၀ ဦးယိမ်း (အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) (အလွတ်တန်း)၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ဟူ၍ သီးခြားကျင်းပပေးမည်ဖြစ်သည်။

ပြိုင်ပွဲဝင်မည့်အသင်းများသည် မတ် ၁၃ ရက်မှစ၍ မတ် ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း (၁၂ ) ထပ်ရုံး ၁၀ လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အသေးစိတ်သိလိုသော အချက်အလက်များကို ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း (၁၂ ) ထပ်ရုံး ၁၀ လွှာရှိ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) သို့ လူကိုယ်တိုင်ဖြစ်စေ၊ အတွင်းရေးမှူး၊ အကဲဖြတ် ဆပ်ကော်မတီ ဖုန်း ဝ၉-၅၁၀၃၂၈၇၊ တွဲဖက် အတွင်းရေးမှူး၊ အကဲဖြတ်ဆပ်ကော်မတီ ဖုန်း ၀၉ – ၅၀၂၇၉၉ဝ နှင့် အကဲဖြတ် ဆပ်ကော်မတီရုံးအဖွဲ့ ဖုန်း ၀၉-၄၂၀၁၅၂၃၃၉၊ ၀၉-၉၆၆၀၆၀၆၄၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *