October 23, 2024

Tiger Force Mandalay PDF အဖွဲ့ မှားယွင်းပစ်သတ်ခဲ့သော ဇနီးမောင်နှံ၏ စျာပနမြင်ကွင်း (Photo Credit- BBC & Origional Uploader)

MT News

Written by Nay Aung

မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားသောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၉၄၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူအခွင့်ရေးအဖွဲ့ OHCHR ၏ မတ်လအတွင်းထုတ်ပြန်သော နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါကာလအတွင်း အနည်းဆုံးလူပေါင်း ၁၇၅၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂလူအခွင့်အရေးအဖွဲ့က ဖော်ပြထားသည်။

၂၀၂၁ခုနှစ်နောက်ပိုင်းမှစတင်ပြီး ၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင် နေ့စဉ်နီးပါး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်ကြောင်း၊ OHCHR(The Office of the United Nations High Commissioner for Human Rights) ၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သူ ၂၉၄၀ ဦးအနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၄၃ ဦး၊ရန်ကုန်တိုင်းဒေသကြီးတွင် ၃၁၄ ဦး၊ မကွေးတိုင်းဒေသကြီးတွင်၂၅၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ၁၁ ဦး၊ ရှမ်းပြည်နယ်တွင် ၉၄ ဦး၊ချင်းပြည်နယ်တွင် ၇၅ ဦး၊ ရခိုင်ပြည်နယ်တွင် ၄၅ ဦး၊မွန်ပြည်နယ်တွင် ၄၆ ဦး၊ ကယားပြည်နယ်တွင် ၁၀၃ ဦး၊ နှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်းသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၄၄၁၅၀၀ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၅သန်းကျော်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်မှ အနည်းဆုံး ၁၄၃ ဦး သေဒဏ်ပေးခံရကြောင်း OHCHR က ဖော်ပြထားသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့သော အချိန်ကတည်းက စတင်ပြီး လက်ရှိအချိန်အထိ ဂျာနယ်လစ်ပေါင်း ၁၇၈ ဦး ဖမ်းဆီးထိန်းသိမ်းခံရ၍ ၁၂၂ ဦး ပြန်လွတ်မြောက်ခဲ့ကာ ၅၄ ဦးက ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ နှစ်ဦးက သေဆုံးခဲ့ကြောင်း သိရသည်။

ref -ohchr

Leave a Reply

Your email address will not be published. Required fields are marked *