October 22, 2024

၆. ၃. ၂၀၂၃
Written by Ye Kyaw

ယခုမတ်လ တစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ၄၂ ဒေါ်လာ မြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ ရည်ညွှန်းရွှေဈေး ကျပ်လေးသောင်းခွဲခန့် တိုးမြင့်သတ်မှတ်ခဲ့၍ ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဈေးမှာပင် ဆက်ရှိနေပြီး ငွေလဲလှယ်နှုန်းမှာ အပြောင်းအလဲအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်လအတွင်း ဒေါ်လာ ၁၁၀ အထိ ကျဆင်းခဲ့သော်လည်း ယခုမတ်လဆန်းမှစ၍ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ရာ တစ်ပတ်ကျော်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၄၂ ဒေါ်လာ ပြန်လည်မြင့်တက်ခဲ့သည်။

မတ်လ ၆ ရက်တွင် YGEA ရည်ညွှန်းရွှေဈေး ကျပ် ၂,၁၈၄,၂၀၀ သတ်မှတ်ခဲ့ပြီး တစ်ပတ်အတွင်း ကျပ် ၄၄,၈၀၀ ကျော်တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပြင်ပရွှေဈေးနှုန်းမှာ ကျပ် ၂,၈၃၉,၀၀၀ ရှိပြီး အမြင့်ဈေးမှာပင် ဆက်လက်ရှိနေသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၅ ကျပ်၊ မတ်လ ၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၃၃ ကျပ်၊ မတ်လ ၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၈ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *