October 22, 2024

၆. ၃. ၂၀၂၃
Written By Thandar

Miss Grand Yangon 2024 ပြိုင်ပွဲဝင်တွေရဲ့ အကြိုရေကူးဝတ်စုံယှဉ်ပြိုင်မှုကြီးကို မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel Pool Side မှာ ကျင်းပခဲ့ပါတယ်။

“အခုကတော့ Swimsuit Preliminary ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီပွဲမှာ ပြိုင်ပွဲ၀င် အယောက် ၃၀ က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Swimsuit ဝတ်ပြီး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ယှဉ်ပြိုင်မှုကနေ အယောက် ၂၀ ကို ရွေးချယ်ပြီး လာမယ့်ပြိုင်ပွဲမှာ Swimsuit အသစ်တွေကို ဝတ်ခွင့်ရမှာပါ။ ပြိုင်ပွဲကတော့ Final နီးကပ်နေပြီဆိုတော့ အရမ်း‌လည်း ရင်ခုန်နေပါပြီ။ ယွန်းကိုလည်း အားပေးကြပါဦး”လို့ ပြိုင်ပွဲဝင် အလှမယ် ယွန်းဖြူစင်နွယ်က ပြောပါတယ်။

ပြိုင်ပွဲဝင်‌ အလှမယ် အယောက် ၃၀ တို့ရဲ့ ယှဉ်ပြိုင်မှုပုံရိပ်‌တွေကို Miss Grand Myanmar Page က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဝင် အယောက် ၃၀ ထဲ အယောက် ၂၀ကို ပြန်လည် ရွေးချယ်မှာဖြစ်ပါတယ်။

ရွေးချယ်ခံရသူ အလှမယ်တွေက Miss Grand Yangon 2024 ပြိုင်ပွဲကို မတ်လ ၁၅ ရက်နေ့ Final ကို တက်လှမ်းရမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ဒီအလှမယ်တွေရဲ့ Preliminary Evening Gown Competition ကိုလည်း ကျင်းပပေးခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *