October 23, 2024

၆. ၃. ၂၀၂၃
Written by Peya

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရန်အတွက် ယခုလ နောက်ဆုံးအပတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ လျှောက်ထားရန် ကနဦးစီစဉ်ထားကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူများထံက စုံစမ်းသိရသည်။

လက်ရှိတွင် အဆိုပါ ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒေါက်တာ ဝင်းနိုင်၏ ကျန်းမာရေး အခြေအနေအရ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အနားယူခွင့်ပြုခဲ့ပြီး ဒုတိယဥက္ကဋ္ဌ- ၁ အဖြစ် တာဝန်ယူခဲ့သည့် ဦးသာဆိုင်ကို ယာယီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ထားသည့်အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို တိုးချဲ့ ဖွဲ့စည်းထားပြီး ထပ်မံတိုးချဲ့ ဖွဲ့စည်းရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့က (မတ်လ) ၂၂ ရက်တော့ Target Date ထားထားတာပေါ့။ လောလောဆယ်တော့ (ပူးပေါင်းဖို့အတွက်) ပြောထားတာတွေက သတ်မှတ်ချိန်အတွင်း မရောက်သေးပါဘူး ခင်ဗျ” ဟု NDF ပါတီမှ အတွင်းရေးမှူး ၁ ဦးကျော်ထက်က MT News သို့ ပြောသည်။

NDF ပါတီအနေဖြင့် စုပေါင်းခေါင်းဆောင်မှုစနစ်ဖြင့် ဒီမိုကရေစီ နည်းကျကျ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က အမျိုးသားရေးကို မပစ်ပယ်သော ဆိုရှယ်လစ်ဘရယ်ဒီမိုကရေစီပါတီပါ။ အဲဒါကတော့ Key ပဲ။ အမျိုးသားအကျိုးစီးပွားကို သစ္စာဖောက်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဆိုရှယ်လစ်ဘရယ်ဒီမိုကရေစီပါတီ အနေနဲ့သွားမှာ။ ထိတွေ့ဆောင်ရွက်မှုတွေကတော့ မပြတ်သေးပါဘူး” ဟု ပါတီ၏ မူဝါဒနှင့်ပတ်သက်၍ ဦးကျော်ထက်က ရှင်းပြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် ယခုအခါ အကြံပေးအဖွဲ့ဝင်အဖြစ် ဆက်လက်တာဝန်ယူထားသည့် ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *