October 23, 2024

၆. ၃. ၂၀၂၃

Written by Hey Mar

ဗိုလ်တထောင်မြို့နယ်၊ (၃) ရပ်ကွက်အပိုင် လင်းစဒေါင်းနှင့် ဗိုလ်တထောင်စျေးလမ်းကြားရှိ Time Square ကွန်ဒိုတွင် ယနေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က စင်ကာပူ နိုင်ငံသား အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ရန်ကုန် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ဒုဥက္ကဋ္ဌ ဦးမိုးငြိမ်းက MT News သို့ ပြောသည်။

ဖြစ်စဥ် အသေးစိတ် အချက်အလက်တချို့ကို MT News က ဆက်လက်စုံစမ်းနေပြီး ကနဦးသိရှိချက်အရ ပြုတ်ကျသည့် စင်ကာပူနိုင်ငံသား အမျိုးသားမှာ ပြင်ပဒဏ်ရာအဖြစ် ခြေကျင်းဝတ် အရိုးပေါက်ထွက်ဒဏ်ရာနှင့် ပွန်းပဲ့ သွေးထွက်ဒဏ်ရာတချို ရရှိခဲ့ပြီး ဗိုလ်တထောင်မြို့နယ်မှ လင်းလက်လူမှုကူညီရေးအသင်းသူနာတင်ယာဥ်ဖြင့် ဂန္ဒီဆေးရုံကြီးသို့ အဝင်တွင် သေဆုံးသွားသဖြင့် ဂန္ဒီဆေးရုံ သူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ရန်ကုန်ဆေးရုံကြီးမှ PR အမှတ် ၀၂၃ ဖြင့် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော် သိတာ စင်ကာပူနိုင်သား အသက် ၂၉ နှစ်ဆိုတာလောက်ပဲ။ ဘယ်အလွှာက ပြုတ်ကျတယ်ဆိုတာလဲ မသိရသလို သူတို့က နိုင်ငံခြားသားတွေမို့ ဗမာစကားလဲ မတတ်ဘူး။ သူတို့မိသားစုဝင်တွေ ကိုယ်တိုင်။ သူ့အမျိုးသမီးကိုယ်တိုင်က ဘယ်လိုဖြစ်ကြောင်းမသိဘူး။ ဗိုလ်တထောင်မြို့မရဲစခန်းက မှုခင်းပိုင်းဆိုင်ရာတွေတော့ ဆက်လုပ်နေပါတယ်” ကူညီကယ်ဆယ်ရေး ပါဝင်ဆောင်ရွက်ခဲ့သူ ကိုမင်းနိုင်က MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *