October 23, 2024

၆. ၃. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ဒေါ်လာ ၅၇ သန်းကျော်တန်ဖိုးရှိ ဟိုတယ်စီမံကိန်းအား စင်ကာပူအခြေစိုက် Keppel Land က ရောင်းချပြီး ထိုစီမံကိန်းမှ နုတ်ထွက်မည်ဟု ယနေ့ကြေညာသည်။

Keppel Corporation Limited ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Keppel Land Limited က ရာနှုန်းပြည့်ပိုင်ဆိုင်ထားသော လုပ်ငန်းခွဲဖြစ်သည့် Double Peak Holdings Limited သည် Greenfield Development (GDPL) ပုဂ္ဂလိကကုမ္ပဏီတွင် ထည့်သွင်းထားသည့် ရှယ်ယာအရင်းအနှီး ၁၀၀ ရာခိုင်နှုန်းလုံးကို Spring Blossom Ventures Pte. Ltd. သို့ ရောင်းချကြောင်း ယနေ့ကြေညာခဲ့ပြီး GDPL မှာ မြန်မာနိုင်ငံ၌ ဟိုတယ်တည်ဆောက်ခွင့်နှင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထား‌သည့် Straits Greenfield Limited (SGL) ၏ ရှယ်ယာအရင်းအနှီးအလုံးစုံကို ပိုင်ဆိုင်ထားသည်။

ရှယ်ယာဝယ်ယူသူများသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄သန်း (စင်ကာပူဒေါ်လာ ၇၅ ဒသမ ၆ သန်း) ကို ရောင်းချသူထံ ပေးချေရမည်ဖြစ်ပြီး ထိုသဘောတူထားသောတန်ဖိုးကို ထည့်သွင်းစဉ်းစားရာတွင် ဝယ်ယူလိုသော၊ ရောင်းလိုအားကို အခြေပြု၍ ထည့်သွင်းစဉ်းစားခဲ့ကာ အဆိုပါ သုံးသပ်ချက်အရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ GDPL ၏ ခန့်မှန်းခြေအားဖြင့် အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ သန်း (စင်ကာပူ ဒေါ်လာ ၅၇.၉ သန်းခန့်) ထက် ပိုများသည်ဟုလည်း သိရသည်။

အဆိုပါ ရှယ်ယာရင်းနှီးမြှုပ်နှံမှုအား ရောင်းချထုတ်ယူမှုကို ယခုနှစ် ပထမနှစ်ဝက်တွင် ပြီးစီးရန်မျှော်လင့်ထားပြီး ရောင်းချမှုပြီးစီးပါက GDPL နှင့် SGL တို့သည် Keppel အုပ်စု၏ လုပ်ငန်းခွဲများအဖြစ်မှ ရပ်စဲသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *