October 23, 2024

၆. ၃. ၂၀၂၃
Written by Peya

လူမှုကွန်ရက် အင်တာစာမျက်နှာထက်တွင် လူစိတ်ဝင်စားမှု များပြားခဲ့သည့် ရန်ကုန်မြို့၊ ဘုရင့်နောင် ကားဝန်းအနီး နောက်ဆုံးတွေ့ရပြီးနောက် ပျောက်သွားသော တွဲကားနှင့် ကုန်များကို ပြန်တွေ့ပြီဖြစ်ကြောင်း ပိုင်ရှင် ဖြစ်သူက MT News သို့ တယ်လီဖုန်းဖြင့် အတည်ပြုဖြေကြားသည်။

ပြောင်းများကို တင်လာသော တွဲကားသည် မတ်လ ၃ ရက်တွင် ဘုရင့်နောင် ကားဝင်းအနီး နောက်ဆုံးတွေ့ရပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယာဉ်နှင့်အတူ ယာဉ်မောင်းနှင့် စပါယ်ယာတို့ကိုလည်း အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို လူမှုကွန်ရက်တွင် ဝေမျှခဲ့ရာ လူအများက စိတ်ဝင်တစား ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကုန်နှင့်ပါ ပျောက်ဆုံးသွားခဲ့သည့်အပေါ် ခန့်မှန်းချက် အမျိုးမျိုး ထုတ်ခဲ့ကြသည်။

“ကားနဲ့ ကုန်နဲ့ကတော့ ပြန်တွေ့ပါတယ်။ ကျန်တာကတော့ ပြောဖို့က သတင်းလုံခြုံမှု ဘာညာက ရှိသေးလို့ပါ” ဟု ယာဉ်ပိုင်ရှင် ဖြစ်သူက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ယာဉ်မောင်းကို လတ်တလော မတွေ့ရသေးကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *