October 23, 2024

၆. ၃. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း အိမ်ရာဝင်ပေါက်တွင် အမျိုးသား ၁ ဦး ဓားထိုးခံရပြီး သေဆုံးနေသည်ကို တွေ့ရှိရသည့်အတွက် အလောင်းကို ဆေးရုံပိုပေးခဲ့ရကြောင်း အဆိုပါ ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သူများထံက သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် ညပိုင်း ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဖြစ်စဉ်ကိုတော့ ကျွန်တော်တို မသိပါဘူးဗျ။ အကူအညီတောင်းလို့ ရပ်ကွက်အုပ်ချုပ်ရေးဘက်ကနေ အလောင်းကို သယ်ခိုင်းလို့ သယ်ပြီးတော့ ဆေးရုံပို့လိုက်တာပါ။ အသက်ကတော့ ၂၅ နှစ်လောက် ကျော်လောက်လို့ ခန့်မှန်းထားပါတယ်” ဟု ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရင်ညွန့်တွင် ဓားထိုး ဒဏ်ရာတစ်ချက်ကို တွေ့ရှိပြီး အလောင်းကို ဥပဒေရေးရာကိစ္စများနှင့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *