MT News
Written by Peya
ရွှေစာရံဘုရားကမ်းခြေတွင် တစ်နေ့တည်း လူ ၃ ဦး ရေနစ်ခဲ့သော်လည်း အားလုံးကို ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်ရှင်သန်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရွှေစာရံဘုရားကမ်းခြေရှိ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေး (ယာယီ) စခန်းက မတ်လ ၅ ရက်တွင် အထက်ပါအတိုင်း ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမ ဖြစ်စဥ်မှာ မတ်လ ၅ ရက် နေ့လည်ပိုင်း ၂ နာရီ ၅ မိနစ်တွင် ဖြစ်ပြီး အမျိုးသား ၁ ဦးကို ဒုဌဝတီမြစ်ကမ်းအနီးတွင် ကယ်ဆယ်ခဲ့ရပြီး ၅ မိနစ်အကြာတွင် အမျိုးသား ၁ ဦးကို ဒုဌဝတီမြစ်အလည်ရေနစ်နေရာမှလည်းကောင်း၊ ပြီးနောက် မိနစ် ၂၀အကြာတွင် အမျိုးသားတစ်ဦးကို ဒုဌဝတီမြစ် အလည်မှပင် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
“သူတို့က တစ်ဖွဲ့တည်းက နစ်တာမဟုတ်ဘူး။ သီးခြားစီပါ။ တစ်ယောက်နစ်လိုက် ကုန်းပေါ်တင်ပေးလိုက်။ နောက်တစ်ယောက်နစ်လိုက် အဲဒီလိုဖြစ်တာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။