October 23, 2024

မန်းရာဇာခရီးသည်တင်ယာဥ်ပေါ် ကလေးမွေးဖွားနေမှုမြင်ကွင်း (ဓာတ်ပုံ- ဒေါ်မိုးလယ်တော)

၆. ၃. ၂၀၂၃

Written by Hey Mar

ရန်ကုန် -မန္တလေး မန်းရာဇာ ခရီးသည်တင်ယာဥ်သည်ဖြူး ၁၁၅ မိုင်ရှိ ဒေါ်မိုးလယ်တော အပန်းဖြေဥယျာဥ်နှင့် စားသောက်ဆိုင်တွင် မတ်လ ၅ ရက် ည ၁၀ နာရီက ကားရပ်နားစဥ် ယာဥ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး ကလေးမီးဖွားခဲ့ကြောင်း အမြန်လမ်းမကြီး ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ခရီးသည်တင်ယာဥ်၏ အကြောင်းကြားချက်အရ ည ၉ နာရီ ၄၀ ခန့်က သတင်းရရှိ၍ သွားရောက်ကူညီမွေးဖွားခဲ့ကြောင်းနှင့် ကလေးမှာ မိန်းကလေးဖြစ်ပြီး မိခင်ရော ကလေးငယ်ပါ ကျန်းမာကြောင်း သိရသည်။

“ကားပြန်ထွက်ဖို့ ယာဥ်ပေါ်ပါ ခရီးသည်တွေ စုနေချိန် အတွင်းမွေးတာပါ။ ကလေးမိခင်က အဖော်မပါဘဲ တစ်ဦးတည်း ကားစီးလာတာပါ။ ကလေးထွက်လာပေမယ့် အချင်းမကျ၊ ချက်ကြိုးတန်းလန်းဆိုတော့ အမြန်လမ်းကြက်ခြေနီနဲ့ ဖြူးက သားဖွားဆရာမ အကူအညီရယ်နဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေါ်မိုးလယ်တောက ဝန်ထမ်းတွေ အကူအညီနဲ့ ကလေးထွက်တာ၊ကောက်တာကအစ အဆင်ပြေပြေဆောင်ရွက်ပေးခဲ့ပြီး အချိန်လင့်သွားလို့ ကားပေါ်ပါခရီးသည်တွေကို ဒေါ်မိုးလယ်တောမှာပဲ ညအိပ်ဖို့စီစဥ်ပေးခဲ့ပါတယ်”ဟု ဒေါ်မိုးလယ်တောမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *