၅. ၃. ၂၀၂၃
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေဆီ တကျော့ပြန်ဝင်လာတဲ့ သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်ကတော့ ၇ နှစ်အရွယ်ရှိ သမီးဖြစ်သူအနာဂတ် အိပ်မက်လေးတွေ လှပဖို့ဆိုရင် ပညာရေးအမွေပေးရမယ်လို့ မတ်လ ၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်မှာ International Private School ဖွင့်ပွဲအခမ်းအနားကို အဆိုတော် သားဂန်း၊ သရုပ်ဆောင် ဘေဘီမောင်တို့နဲ့ ကျောင်းကတာဝန်ရှိသူတွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဥ်ပြောပါတယ်။
“သမီးလေး စာမေးပွဲဖြေပြီးတော့မယ်ဆိုကတည်းက နွေရာသီသင်တန်းလေးတွေ ဘယ်ကျောင်းပို့ရမလဲ စဉ်းစားနေတာပေါ့။ ကလေးကလည်း ဝါသနာပါတာဖြစ်ရမယ်။ နွေရာသီမှာ ကျောင်းသွားချင်စရာဖြစ်ရမယ်။ အင်္ဂလိပ်စာကို အဓိကထားသင်တယ်။ Dance ပိုင်းတွေ ပန်းချီဆွဲတာလည်း ဝါသနာပါနေတော့ ဒီကျောင်းနဲ့ အဆင်ပြေသွားတယ်။ ရေကူးသင်တန်းလည်းပါတော့ အမေအတွက်ပိုအဆင်ပြေသွားတယ်”လို့ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က ပြောပါတယ်။
ဒီ International Private School ကျောင်းက အခုဖွင့်လှစ်တဲ့ကျောင်းအပါအဝင် မြန်မာပြည်အတွင်း ကျောင်းခွဲပေါင်း ၃၀ ကျော် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ပညာရေးအတွက် နွေရာသီသင်တန်းတွေဖြစ်တဲ့ နွေရာသီအင်္ဂလိပ်စာ စကားပြောသင်တန်းတွေ၊
နွေ (၃)လပြတ် သင်္ချာတန်းခွဲတွေ (Singapore Curriculum, Maths Olympiod)၊ နွေရာသီ တရုတ်စာသင်တန်း၊ နွေရာသီ ဂျပန်စာသင်တန်းအပြင် နွေရာသီ ကွန်ပျူတာသင်တန်း စတဲ့ သင်တန်းတွေ ပို့ချပေးမယ်လို့ သိရပါတယ်။
“အမေတွေက အလုပ်များတယ်လေ။ ကျောင်းပို့ရင် ဒီကျောင်းက ကလေးလည်း အသိဉာဏ်တွေဖွံ့ဖြိုးတက်တာပေါ့။ အင်္ဂလိပ်နဲ့ သင်္ချာအဓိကသင်တော့ သူ့ဦးနှောက်လည်း Level တစ်ခုတိုးတက်လာမယ်။ အခုခေတ်က အင်္ဂလိပ်စကား အင်္ဂလိပ်စာတတ်မှဖြစ်မယ်။ ကမ္ဘာမှာ အသုံး ဝင်တဲ့ ဘာသာစကားတွေ တတ်ထားတော့ ကောင်းတာပေါ့။ အခုလို စုံစုံလင်လင် Subject ရလို့ အစ်မကတော့ စိတ်ဝင်စားတယ်။အစ်မအတွက်ဆို အစ်မရဲ့အနာဂတ်က သမီးလေးပါပဲ။ ကိုယ့်ကလေးတွေ အနာဂတ်တွေ အိပ်မက်လေးတွေ လှပဖို့ဆိုရင် ပညာရေးအမွေပေးရမယ်။ ဒါကြောင့် International Private School ကိုရွေးချယ်ထားတယ်”လို့ သူမကဆက်ပြောပါတယ်။
သားသမီးလိမ္မာရေးခြားရှိဖို့လည်း လက်ဦးဆရာဆိုတာ မိဘပဲလို့ဆိုပါတယ်။ သမီးဖြစ်သူက အနုပညာဝါသနာပါသလို ဖခင်ဖြစ်သူလို ဆရာဝန်ကြီးလည်း သမီးလေးကို ဖြစ်စေချင်လို့ ဆိုပါတယ်။