၄. ၃. ၂၀၂၃
Written by Peya
မကွေးမြစ်ဆိပ်တွင် ရေချိုးရင်း ကျွမ်းပစ်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ရေတိမ်တွင် သွားကျသောကြောင့် လည်ပင်းကျိုးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်ကို ကူညီခဲ့သော ရောင်စုံမေတ္တာ လူမှုကူညီရေး အသင်းထံက သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ မြို့ဟောင်းရပ် အနောက်ဘက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် မတ်လ ၃ ရက် ညပိုင်းက အမျိုးသားတစ်ဦးရေချိုးရင်း ကျွမ်းပစ်ရာ မတော်တဆ လည်ညှပ်ရိုးကျိုးသွားခဲ့သဖြင့် ဆေးရုံပို့ခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ရေချိုးသွားရင် ကျွမ်းပစ်တာကိုမှ ရေက မနက်ဘဲနဲ့ ရေတိမ်ပိုင်းမှာဆိုတော့ ခေါင်းက မြေကြီးပေါ် စိုက်သွားပြီး လည်ပင်ရိုးကျိုးသွားတာပဲ။ တိမ်တိမ်လေးဆိုတော့ ခေါင်းက မြေကြီးပေါ် တန်းစိုက်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
လည်ပင်းရိုးကျိုးသည့် ဒဏ်ရာမျှသာဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းလည်း ၎င်းက ဆိုသည်။