MT News
ယခုမတ်လဆန်းတွင် ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဈေး ကျပ် ၂,၈၄၀,၀၀၀ မှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိ၍ ဒေါ်လာငွေလဲလှယ်နှုန်းမှာလည်း အနည်းငယ်သာပြောင်းလဲမှုရှိခဲ့သည်။
မတ်လ ၃ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁၈၄၆ ဒေါ်လာရှိပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း ရွှေတစ်အောင်စကို ၃၄ ဒေါ်လာ ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးတစ်အောင်ကို ဒေါ်လာ ၁၁၀ အထိ ကျဆင်းခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ရည်ညွှန်းဈေး အခေါက်ရွှေတစ်ကျပ်လျှင် ကျပ် ၂,၁၇၂,၄၀၀ သတ်မှတ်ထားပြီး ပြင်ပရွှေဈေးနှုန်းသည် ကျပ် ၂,၈၄၀,၀၀၀ အထိရှိသည်။ ပြင်ပရွှေဈေးနှုန်းမှာ ကျပ် ၂,၈၀၀,၀၀၀ အထက်တွင် ဆက်လက်ရှိနေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၇ ကျပ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၅ ကျပ်၊ မတ်လ ၁ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂,၈၄၈,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၃ ကျပ် ဖြစ်ပေါ်ခဲ့သည်။