၄. ၃. ၂၀၂၃
Written by Hey Mar
ယနေ့ မနက်အစောပိုင်း ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၁၇၆ မိုင်တွင် ခရီးသည်တင်ယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် အမျိုးသား ၃ဦး သေဆုံးခဲ့ ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ဒို့ညီနောင် ရန်ကုန်-တောင်ကြီး ခရီးသည်တင်ယာဥ်မှ လေအိတ်ပေါက်ပြီး လမ်းလည်တုံး ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သော အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ၃၁ ဦးအနက် အမျိုသား ၃ ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီး (၉)ဦး အမျိုးသား ၁၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်တွင် အမျိုးသား ၃ ဦးမှာ အနီရောင်အဆင့် ဒဏ်ရာပြင်းထန်သည်ဟုသိရသည်။ ကျန် အမျိုးသား၂ ဦးနှင့် အမျိုးသမီးတစ်မှာ ထိခိုက်မှုမရှိဟု သိရသည်။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို အမြန်လမ်းရဲတပ်ဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ဆွာ မြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ သူနာတင်ယာဥ် ၁၂ စီးဖြင့် သွားရောက်ကူညီဆောက်ရွက်ပေးခဲ့ကြပြီး ဆွာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။