October 30, 2024

မြန်မာအပါအဝင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ ချီတက်ဆန္ဒပြနေစဥ်

၇. ၁၀. ၂၀၂၂
Written by Tha Doe

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးအတွက် မြန်မာအလုပ်သမားများအပါအဝင် ပြည်ပအလုပ်သမားများက အောက်တိုဘာ ၇ ရက်တွင် ဘန်ကောက်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှ ထိုင်းအစိုးရ အိမ်တော်ရုံးရှေ့ ချီတက်တောင်းဆိုခဲ့ကြသည်ဟု MWRN မှ သိရသည်။

အောက်တိုဘာ ၇ ရက်တွင်ကြရောက်သော Decent Workday တွင် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာအလုပ်သမားများအား ဦးဆောင်၍ ထိုင်းအလုပ်သမားသမဂ္ဂများနှင့်အတူ တောင်းဆိုချက် ၅ ချက်အား ထိုင်းအလုပ်သမားဝန်ကြီးထံ ဝောာင်းဆိုခဲ့သည်။

အဆိုပါ အချက်များမှာ အစိုးရမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ကွန်ဗန်းရှင်း အမှတ် C.87 လွတ်လပ်စွာစုရုံးခွင့်နှင့် ကွတ်ဗန်းရှင်းအမှတ် C.98 စုပေါင်းညှိနှိုင်းခွင့်ဆိုင်ရာကို အတည်ပြုပေးရန်၊ အပြည်ပြည်ဆိုင်ရာ အခြေခံမူအရ အလုပ်အကိုင်အားလုံးအတွက် တူညီမျှတသော လုပ်အားခပေးချေရမည်။ ဆိုလိုခြင်းမှာ လုပ်အားခ အကျိုးခံစားခွင့်နှင့် သက်သာချောင်ချိရေးအတွက် ခွဲခြားဆက်ဆံမှုမရှိဘဲ မျှတသောလုပ်အားနှင့် တူညီသောလုပ်အားခပေးချေရမည်။ Cabinet အဖွဲ့ဆုံးဖြတ်ချက်အရ အလုပ်သမားမှတ်ပုံတင်ခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော စားရိတ်ကို ဖယ်ရှားရန်၊ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခေါ်ဆောင်လာသော ပွဲစားများကို အရေးယူနှိမ်နင်းခြင်းနှင့် အလုပ်သမားများ၏ တန်ဖိုးရှိပစ္စည်းများကို ရယူလိုစိတ်ဖြင့်အလုပ်သမားများကို အယုံသွင်း လိမ်လည်လှည့်ဖျားနေသော ပွဲစားများကို ပြင်းပြင်းထန်ထန် အရေးယူနှိမ်နင်းရန် တောင်းဆိုသည်၊ အလုပ်သမားကုစားရေးပေါ်လစီအရ ထိုင်းနိုင်ငံသားအလုပ်သမားများသာမက နိုင်ငံသား မခွဲခြားဘဲ အလုပ်သမားအားလုံးအပေါ် အကျုံးဝင်စေရန် စသည့် အချက်များ တောင်းဆိုခဲ့ကြသည်။

”အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဂုဏ်သိက္ခာရှိတဲ့နေ့မှာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် တောင်းဆိုခဲ့တာပါ။ အဓိက,ကတော့ လုပ်သားတွေကို ဖိစိးနေတဲ့ စရိတ်စကတွေ ဖယ်ရှားပေးဖို့၊ အနည်းဆုံးအခကြေးငွေကို အညီအမျှပေးဖို့၊ အလုပ်သမားအားလုံးကို တန်းတူကာကွယ်ပေးဖို့ တရားမဝင်ပွဲစားတွေ နှိမ်နင်းပေးဖို့ စုပေါင်းညှိနှိုင်းခွင့်ဆိုင်ရာ စေ့စပ်ညှိနှိုင်းခွင့်တွေ အကာအကွယ်ပေးဖို့ တောင်းဆိုကြတာပါ” ဟု MWRN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *