MT News
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂) ရပ်ကွက်၊ ၇၃လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၉ လမ်းကြားရှိ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီး ပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဌာနဆိုင်ရာများ၊ မြန်မာ့သ တင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ပါမောက္ခ ချုပ် ဒေါက်တာဝင်းအေး နှင့်ဆရာ/ဆရာမ၊ ကျောင်း သား/သူများ၊ စုစုပေါင်း အင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပါမောက္ခချုပ်တို့မှအမှာစကားပြောကြားခြင်း၊ ပဥ္စမနှစ်သင်တန်းကျောင်းသား တစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပထမနှစ်သင်တန်း ကျောင်းသား/သူ နှစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ပထမနှစ်သင်တန်း ကျောင်းသား/သူများမှ သီချင်း/အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေ ၂၃ သိန်းကျပ်အားချီးမြှင့်ခဲ့ရာ ပါမောက္ခချုပ်နှင့် ကျောင်းသား/သူများမှ လက်ခံရယူခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်းသိရသည်။