၂၄. ၂. ၂၀၂၃
Written by Peya
ကျိုက်ထိုတွင် အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်း (တဂေးချောင်းဖျား) တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦးသည် ဆရာမ ၆ ဦးနှင့်အတူ ကျောင်း၌ရှိနေစဉ် ဖေဖော်ဝါရီလ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် PDF များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ အဆိုပါကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကျောင်းအုပ်ဆရာမကြီးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်လျှပ်စစ်ရုံးအနီးတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သည့်အတွက် အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် စီးမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဥူးပဏ္ဏိတ နှင့် ကသာမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇော်နိုင်ဝင်း၊ မသော်ရီဆွေ တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။