၂၄. ၂. ၂၀၂၃
Written By Thandar
သုံးနှစ်နီးပါး အနုပညာအလုပ်တွေနဲ့ အဆက်ဖြတ်ခဲ့ပြီး ပရိသတ်နဲ့ ကင်းကွာခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ဟာ ၂၀၂၃ ခုနှစ်စ ဒုတိယလမှာတော့ ပရိသတ်ရှေ့ မှောက်ပြန်လည်ရောက်ရှိလာပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပပြုလုပ်တဲ့ realme ထုတ်ကုန်တွေထဲက နံပါတ် 1 စီးရီးတစ်ခုဖြစ်တဲ့ realme 10 ကို realme Brand ရဲ့ Ambassador ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ပွဲတက်ရောက်လာတာပါ။ ၂၀၂၃ ခုနှစ်အတွင်း ဝတ်မှုန်ရွှေရည်ရဲ့ ပထမဆုံး ပွဲလဲ ဖြစ်သလို ၊ ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်လုံးလုံး ဝတ်မှုန်ရွှေရည်က သူမရဲ့ FB Acc မှာ အလှဓာတ်ပုံ တချို့တင်တာကလွဲရင် အနုပညာလှုပ်ရှားမှု လုံးဝရပ်နားခဲ့တာပါ။
အနုပညာလုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်ကာ သရုပ်ဆောင်လုပ်ငန်းတွေ မစသေးပေမယ့် realme Brand ရဲ့ Ambassador အဖြစ် သုံးနှစ်ကြာကွဲကွာနေတဲ့ ပရိသတ်နဲ့ပြန်လည်တွေ့ဆုံတဲ့ဒီပွဲမှာ ဝတ်မှုန်ရွှေရည်က Realme 10 ဖုန်း ၃လုံးကို မဲဖောက်ပေးသလို ဘန်ကောက်အသွားအပြန် ခရီးစဉ် မဲတစ်ဦးဖောက်ပေးခဲ့ပါတယ်။