October 23, 2024

၂၄. ၂. ၂၀၂၃

Written by Min Mahar

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့ဝင်လေးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ပစ်မှု မင်းတုန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၉ နာရီခန့်က PDFအဖွဲ့ဝင် လူငယ်အမျိုးသား လေးဦးသည် သေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာပြီး အသက် ၅၉ နှစ်အရွယ်ခန့်ရှိသော ဝက်ကော်ကျေးရွာအုပ်ချုပ်ရေးမှူးအား ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်၍ ရွာနှင့်တစ်မိုင်ခန့်အကွာရှိ ဆင်ဖြူတောင်ကြောတွင် လည်ပင်းအားဓားဖြင့် ရက်ရက်စက်စက်ခုတ်ဖြတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

” အိမ်ကနေ အုပ်ချုပ်ရေးမှူးရုံးကိုသွားခါနီး သေနတ်တွေကိုင်လာတဲ့ လူငယ်လေးယာက်က ခြံထဲဝင်လာပြီး အုပ်ချုပ်ရေးမှူးဆိုတာ ခင်ဗျားမလားလို့ပြောပြီး သူတို့မှာပါလာတဲ့ နိုင်လွန်ကြိုးနဲ့တုတ်ကာ ဆိုင်ကယ်ပေါ်တင်ခေါ်သွားကြတာ တွေ့လိုက်တယ်။ အဲ့ဒါနဲ့ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားလိုက်ပြီးတော့ ရွာကလူတွေကိုအကူညီတောင်းကာ နောက်ကနေတန်းလိုက်သွားကြတာ။ ရွာနဲ့ တစ်မိုင်လောက်ပဲကွာတဲ့ ဆင်ဖြူတောင်ကြောမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်လိုက်ကြတယ်” ဟု အသတ်ခံရသည့်အုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောပြသည်။

အဆိုပါအခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကြကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *