October 23, 2024

ယမန်နှစ်က ကျင်းပခဲ့သော လမ်းလျှောက်သင်္ကြန်

MT News
၂၄. ၂. ၂၀၂၃

သင်္ကြန်ကာလ ရန်ကုန်မြို့တွင် ကျင်းပမည့် Rangoon Thingyan Festival တွင် ကမ္ဘာကျော် Yellow Claw DJ အဖွဲ့ ပါဝင်မည်ဟု Yangon Revolution Force က ဆိုသည်။

ထို့ကြောင့် လက်ရှိကာလတွင် Yellow Claw အဖွဲ့အား ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြရန်လည်း Yangon Revolution Force က တောင်းဆိုသည်။

SAC သည် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရား အသက်ဝင်စေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ပွဲလမ်းသဘင်များကျင်းပကာ လူစည်ကားအောင် ပြုလုပ်ရန်ကြိုးပမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သင်္ကြန်ကာလတွင်လည်း ၎င်းတို့ဖြင့် စီးပွါးရေးဆက်နွယ်မှုမကင်းသည့် အဖွဲ့နှင့် လူပုဂ္ဂိုလ်များမှလည်း နိုင်ငံတကာ DJ များဖိတ်ခေါ်ကာ ပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။ ထိုပွဲများထဲတွင် Rangoon Music Festival သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

Rangoon Music Festival ၏ headliner အဖြစ် Yellow Claw အား ဖိတ်ခေါ်ထားသည်ဟု သတင်းအတိအကျရရှိထားသဖြင့် YRF အပါအဝင် တော်လှန်ရေးအင်အားစုများသည် ကန့်ကွက်စာအား Yellow Claw ထံသို့ email ပေးပို့ခဲ့သေည်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်းမရှိခဲ့ဟု Yangon Revolution Force က ဆိုသည်။

Yellow Claw အပါအဝင် နိုင်ငံတကာ ဖျော်ဖြေရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများ သေချာနားလည်ခြင်းမရှိသည့်အတွက် ပွဲများဖျော်ဖြေရန် လက်ခံသည်ဟု ယူဆမိကြောင်းနှင့် Yellow Claw အနေဖြင့် ထိုဖျော်ဖြေပွဲအပါအဝင် တော်လှန်ရေးကာလအတွင်းပြုလုပ်မည့် အခြားဖျော်ဖြေပွဲများအားလုံးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် တောင်းဆိုထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *