October 23, 2024

၂၃. ၂. ၂၀၂၃
Written by Peya

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ပခန်းငယ်) ၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိစဉ် PDF က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်း ၁၀ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းသိရသည်။

ထို့အပြင် အဆိုပါ နေ့တွင်ပင် KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF များပါဝင်သော ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး ကို လည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကိုလည်းကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းပြီး ဒဏ်ရာရလူနာများအား ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *