October 23, 2024

လျှပ်စစ်မီးပြတ်တောက်နေသော တာမွေမြို့နယ်မြင်ကွင်းတစ်ခု

MT News

၂၃. ၂. ၂၀၂၃

ဆယ်တန်းစာမေးပွဲဖြေဆိုနေစဥ် ညနေ ၅ နာရီမှ ၁၀ နာရီအတွင်း စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်နှင့် ကန့်သတ်ချိန်အတွင်း အသုံးပြုပါက အရေးယူမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ကန့်သတ်ချက်ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျှက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ညပိုင်းစာကြည့်ချိန် အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ် သည်။

သို့ဖြစ်ပါ၍ အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား မတ်လ ၁ ရက်နေ့မှ မတ်လ ၂၀ အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြရန် အသိပေးထားပြီး ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *