October 23, 2024

ပစ်ခတ်ခံရသဖြင့် သေဆုံးရသူမြင်ကွင်း

MT News

Written by Min Mahar

MTZ (Second) ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ရှင်အမျိုးသား ဆိုင်ရှေ့၌ထိုင်နေစဉ် သေနတ်သမားက ပစ်သတ်သွားမှု မန္တလေးတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေလည်ကဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ MTZ(Second)ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသောအိမ်သို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည် ၂ နာရီကျော်က CZI ဆိုင်ကယ်အနက်ရောင်ဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းထားလျှက် Mask တပ်ထားသည့် အမည်မသိလူငယ် ၂ ဦးမြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်ရောက်ရှိလာပြီး ပက်လက်ကုလားထိုင်တွင်ထိုင်နေသော အသက် ၂၉ နှစ်အရွယ်ခန့်ရှိ MTZ ဆိုင်ရှင်အမျိုးသားအား သေနတ်ဖြင့် ၁ ချက်ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

“ဘာနိုင်ငံရေးအသွေးအရောင်မှမရှိဘဲ ကောင်းရောင်းကောင်း ဝယ်လုပ်စားနေတဲ့သူပါ။ အိမ်ရှေ့မှာ ထိုင်နေတဲ့အချိန် သေနတ်သမား ၂ ဦးက CZI ဆိုင်ကယ်စီးလာပြီးတော့ ပစ်သတ်သွားလို့ ပွဲ့ချင်းပြီး သေသွားတော့တာပဲ။ ဘာလို့သတ်တယ်ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု အခင်းဖြစ်ရာအနီးနေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် သေဆုံးသူ၏ ရင်ဘတ်ကိုထိမှန်သည့် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားသောနေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *