October 23, 2024

၂၂. ၂. ၂၀၂၃
Written by Myo Khine

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးဖြိုးမင်းသိန်းအား ဖမ်းဆီးထားခြင်းမရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်းအား တရားစွဲဆိုခံထားသည့် ရွေးကောက်ပွဲ မလျော်ဩဇာပြုကျင့်မှုဖြင့် ဒဂုံမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒဏ်ငွေကျပ်တစ်သိန်းချမှတ်လိုက်သည်မှာ မှန်ကန်ကြောင်း ယင်းက ဆိုသည်။

“ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးမှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းတဲ့နေရာမှာ ဥပဒေ၊ နည်းဥပဒေ ကျော်လွန်ဖွဲ့စည်းခဲ့တာ ဖြစ်လို့မို့ ဒဏ်ငွေ တစ်သိန်း အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ တရားစွဲတာပဲ ရှိတယ်။ ဒဏ်ငွေပဲ ဆောင်ရတယ်။ သူ့ကို ဖမ်းထားတာမှ မရှိတာ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက MT News ကို ပြောသည်။

နစက အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တာဝန်ယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ရွှေခုနစ်ပိသာနှင့် ဒေါ်လာခြောက်သိန်း ဦးဖြိုးမင်းသိန်းက လာဘ် ပေးခဲ့ရသည့် ကိစ္စများကို ဦးဖြိုးမင်းသိန်းက ရုပ်သံကတစ်ဆင့် ထွက်ဆိုထားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *