October 22, 2024

၇. ၁၀. ၂၀၂၂
Written by Nay Moe

မြန်မာ့နွေဦးတက္ကသိုလ်အား အောက်တိုဘာ ၇ ရက်မှ စတင်ဖွင့်လှစ်ကြောင်း NUG က ကြေညာလိုက်သည်။

မြန်မာ့နွေဦးတက္ကသိုလ် (MNOU) သည် ကြားကာလပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီများနှင့် ဘာသာရပ်အဖွဲ့များ စုစည်း၍ ပူးပေါင်းတည်ထောင်ထားသော ပညာရေးဝန်ကြီးဌာန၏ ပြည်သူပိုင်တက္ကသိုလ် (Public University) တစ်ခု ဖြစ်ပြီး MNOU သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေး ကို ဖော်ဆောင်မည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။

MNOU တွင် တက်ရောက်သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Online Learning Platform ပေါ်တွင် တင်ထားပေးသည့် Formal Courses (ဘွဲ့ကြို ၊ ဘွဲ့လွန် ပုံမှန်နေ့သင်တန်း နှင့် အဝေးသင်သင်တန်းများမှ သင်ခန်းစာများ)၊ Core Curriculum Course (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသော/ အခြေခံပညာ ပြီးမြောက်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက် သင်ခန်းစာများ) နှင့်၊ Short Courses (လက်တွေ့အသုံးချ အသိပညာ၊ အတတ်ပညာရပ်ဆိုင်ရာ သင်တန်းများနှင့် တတ်ကျွမ်းနားလည်မှုများ ပိုမိုရရှိစေနိုင်သော စွမ်းရည်မြှင့်သင်တန်းများ) များကို စာရင်းပေးသွင်းသင်ယူနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *