October 22, 2024

ယခင်ကျင်းပခဲ့သော ကျောက်မျက်ပြပွဲအား SAC ဥက္ကဋ္ဌ လေ့လာကြည့်ရှုစဥ်

၇. ၁၀. ၂၀၂၂
Written by Tha Doe

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲတစ်တွဲ ဒေါ်လာ ၁၀၀၀ နှင့်အထက်၊ ကျောက်မျက်အတွဲ ယူရို ၅၀၀ နှင့်အထက်၊ ကျောက်စိမ်းအတွဲ ယူရို ၅၀၀၀ နှင့် အထက်နှင့် ကျောက်စိမ်းအချောထည်များ ယူရို ၁၀၀၀ နှင့်အထက် စျေးသတ်မှတ်ထားကာ ယူရိုနှင့် ဒေါ်လာအပြင် ယွမ်၊ ဘတ်ငွေတိုဖြင့်ပါ ငွေပေးချေနိုင်သည်ဟု မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သိရသည်။

ကျောက်မျက်ပြပွဲတွင် ပုလဲအတွက်တန်ဖိုးသတ်မှတ်မှုကို ဒေါ်လာဖြင့် သတ်မှတ်၍ ငွေပေးချေမှုကိုမူ ဘတ်၊ ယွမ်၊ ဒေါ်လာတိုဖြင့် ပေးချေနိုင်မည်ဖြစ်ပြီး ယူရိုဖြင့် စျေးသတ်မှတ်သည့် ကျောက်မျက်နှင့် ကျောက်စိမ်းများကိုမူ ယူရို၊ ဒေါ်လာ၊ ယွမ်၊ ဘတ်များဖြင့် ငွေပေးချေနိုင်မည်ဖြစ်သည်။

အဆိုပါပြပွဲသို့ ယခင်ကျင်းပခဲ့သော ကျောက်မျက်ပြပွဲများတွင် ငွေပေးချေရန် ပျက်ကွက်ခဲ့သူများမှအပ ကျန်ရတနာကုန်သည်များမှာ အာမခံစပေါ်ငွေ ပေးသွင်းကာ တက်ရောက်နိုင်ပြီး တက်ရောက်ခွင့်ရရှိသူများအနေဖြင့် ပုလဲအတွက် ဒေါ်လာ ၂၀၀၀၊ ကျောက်မျက်အတွက် ယူရို ၂၀၀၀ နှင့် ကျောက်စိမ်းအတွက် ယူရို ၂၀၀၀၀ ကို အာမခံစပေါ်ငွေအဖြစ်ပေးသွင်းပြီး ယူရို ၂ သိန်းဖိုးအထိ အမြင့်ဆုံးဝယ်ယူနိုင်မည်ဖြစ်သည်။

ပုလဲအတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၁၉ ရက်၊ ကျောက်မျက်အတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၂၁ ရက်၊ ကျောက်စိမ်းအတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

အဆိုပါကျောက်မျက်ပြပွဲတွင် ဝယ်ယူခွင့်ရရှိပြီး တန်ဖိုးပေးချေထားပြီးဖြစ်သည့် ကျောက်အတွဲများကို Ex Works စနစ်ဖြင့် ဝယ်သူထံ တင်ပို့ပေးမည်ဖြစ်ကာ ကျောက်မျက်ခန်းမမှ မော်တော်ယာဥ်ပေါ်သို့ တင်ပို့ပေးခြင်းနှင့် ရုံးလုပ်ငန်းများကို ရတနာပြပွဲဗဟိုကော်မတီက တာဝန်ယူ၍ ကျန်လုပ်ငန်းစဥ်များကိုမူ ဝယ်ယူသူနှင့် ဝယ်ယူသူများ၏ အကျိုးဆောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *