October 23, 2024

၁၇. ၂. ၂၀၂၃
Written by Ye Kyaw

လျှပ်စစ်ကားများ အလွယ်တကူအားသွင်းနိုင်ရေးအတွက် လက်ရှိတည်ဆောက်နေသည့် စီမံကိန်းများအပြင် ဈေးဝယ်စင်တာများနှင့် ဘတ်စ်ကားဂိတ်များတွင်လည်း Charging Stand များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောသည်။

ပြည်သူများအသုံးပြုသော ဈေးဝယ်စင်တာများ၊ ဘတ်စ်ကားများဂိတ်များနှင့် အဝေးပြေယာဥ်ရပ်နား စခန်းနေရာများတွင် လွယ်လင့်တကူအားသွင်းနိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိသည့်အပြင် လျှပ်စစ်ယာဥ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

လျှပ်စစ်သုံးတက္ကစီနှင့် လျှပ်သုံးယာဥ်များ အားသွင်းနိုင်ရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဥ်ရပ်နားစခန်းတို့တွင် လတ်တလော စတင်တည်ဆောက်လျက်ရှိသည်။

ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံနှင့် မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်းများ စသည့်နေရာများတွင် စတင်တည်ဆောက်လျက်ရှိသည်။

ထို့ပြင် ခရီးဝေးသွားသူများ အဆင်ပြေစေရန် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူး ယာဥ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၂/၀) နေပြည်တော် ယာဥ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဥ်ရပ်စခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်း ယာဥ်ရပ်နားစခန်း စသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *