၁၇. ၂. ၂၀၂၃
Written By Thandar
မော်ဒယ်လ်လောက,က တစ်ဆင့် သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ဟိန်းမင်းသူဟာ ပိုင်တံခွန်လိုမျိုးပဲ TC Candler ရဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား ၁ဝဝ စာရင်းမှာ ပါဝင်ဖို့ အတွက် ကနဦး ရွေးချယ်ခံထားရပါတယ်။
၂၀၂၁ ခုနှစ်မှာ သရုပ်ဆောင် ပိုင်တံခွန်က TC Candler ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားနံပါတ် ၁ နေရာကို ရရှိပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟိန်းမင်းသူက လက်ရှိမှာသီချင်းအသစ်တွေကိုလည်း ဖန်တီးနေသလို ဇာတ်လမ်းတွဲအတိုလေးတွေကိုလည်း ဖန်တီးရိုက်ကူးနေလျှက်ရှိပါတယ်။
၁၉၉၀ ပြည့်နှစ်က TC Candler စတင်ခဲ့ပြီး ကမ္ဘာ့ အချောဆုံးအမျိုးသားနဲ့ အမျိုးသမီးများစာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလိုထုတ်ပြန်တဲ့အခါမှာလည်း ရုပ်ရည်တစ်ခုတည်းသာ ကြည့်တာမဟုတ်ဘဲ တစ်နှစ်တာအတွင်း social media ပေါ်မှာ လူထုအပေါ် အကျိုးပြုလုပ်ရပ်တွေနဲ့ Profile ကို သေချာ လေ့လာပြီးမှသာ ရွေးချယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဟိန်းမင်းသူက ပိုင်တံခွန်ရဲ့ ခြေရာကို လိုက်နင်းပြီး ကမ္ဘာ့နံပါတ်တစ် အချောဆုံးနေရာကို ရမလား ဘယ်သူက ရသွားမလဲ သူ ဘယ်အဆင့်မှာ ရပ်တည်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။