October 23, 2024

ပြီးခဲ့တဲ့သီတင်းကျွတ်လပြည့်ညက ဖူးမြင်ရသည့် ရွှေတိဂုံစေတီတော်

MT News
၁၇. ၂. ၂၀၂၃

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၅ ရက်အထိ ၁၀ ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးအမျိုးတို့ဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်သည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကျင်းပရာ၌ တပေါင်းလဆန်း ၆ ရက် (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၉ နာရီတွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲကို ကျင်းပပြီး ယင်းနေ့ နံနက် ၉ နာရီမှ တပေါင်းလပြည့်နေ့ မတ်လ ၅ ရက် နံနက် ၉  နာရီအထိ သံဃာတော် ၁၂၀ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။

တပေါင်းအဖိတ်နေ့ မတ်လ ၄ ရက် ညနေ ၄ နာရီတွင် ဘုရားအမှူးရှိသော ဩဝါဒါ စရိယဆရာတော်ကြီးများနှင့်ပင့်သံဃာ ၁၁၇ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၄ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့ မတ်လ ၅ ရက် နံနက် ၅ နာရီခွဲတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *