October 23, 2024

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သောကလေးငယ်များကို တွေ့ရစဥ်

MT News

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အရာတော်)တွင် ၂၀၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဥ်အား မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့နေ့လယ်ပိုင်းက အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အရာတော်)တွင် ၂၀၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသော မော်တော်ယာဉ်သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် အရာတော်မြို့၏အထွက် အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ PDF များက လက်လုပ်ရီမုမိုင်းဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိပြီး ယခုကဲ့သို့ NUG၊ CRPH နှင့် PDF အဖွဲ့များ၏ နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်မှုများသည် ဂျနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *