October 23, 2024

MT News

Written by Nay Aung

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Cobra Gold 2023 စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ရန် မြန်မာ နိုင်ငံကို ဖိတ်ကြားမည်မဟုတ်ကြောင်း ထိုင်းစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သောThitichai Tiantong က ထုတ်ဖော်ပြောဆိုလိုက်သည်။။

Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို ဦးဆောင်ကျင်းပမည့် ထိုင်းနှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ချိန်အတွင်း ထိုင်းဗိုလ်ချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ထိုင်ခုံအရေအတွက် ကန့်သတ်ချက်ရှိနေတာကြောင့် မြန်မာနိုင်ငံကို ဒီနှစ်ကျင်းပမယ့် စစ်ရေးလေ့ကျင့်ခန်းအစီ အစဉ်မှာ ပါဝင်ဖို့ မဖိတ်ကြားတာလည်းဖြစ်တယ်” ဟုဆိုသည်။

ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က ဦးဆောင်ကျင်းပမည့် အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့ဝင်ပေါင်း ၇၃၉၄ ဦးပါဝင်မည်ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံသည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို ၃ နှစ်ဆက်တိုက် ပါဝင်ခွင့်မရခြင်းလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို ဘရာဇီးနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဂျာမနီ၊ ဆွီဒင်၊ ဂရိ၊ သီရိလင်္ကာ၊ ကူဝိတ်၊ ထိုင်း၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့လည်း စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် ယခင်က မြန်မာနိုင်ငံကိုဖိတ်ကြားခဲ့သော်လည်း ပြီးခဲ့သော သုံးနှစ်အတွင်း မြန်မာနိုင်ငံကို ဖိတ်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

ref -thebharatexpressnew

Leave a Reply

Your email address will not be published. Required fields are marked *