October 23, 2024

၁၅. ၂. ၂၀၂၃
Written by Min Mahar

စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာတွင် နေအိမ်အတွင်း၌ ပဲမှော်လှေ့နေသည့် အမျိုးသားတစ်ဦးအား “အဲဒီကောင် ဒလန်ပဲ။ ပစ်သတ်လိုက်” ဟုဆိုကာ PDF များက ပစ်သတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာအုပ်စု၊ ဟင်္သာဖိုကျေးရွာတွင် နေအိမ်ဝိုင်းအတွင်း၌ ပဲမှော်လှေ့နေသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို PDF အဖွဲ့မှ လူ ၁၀ ဦးခန့်က လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

“အိမ်ခြံဝန်းထဲမှာ ပဲလှေ့နေချိန်မှာ သေနတ်တွေနဲ့ လူ ၁၀ ယောက်လောက်ရောက်လာပြီးတော့ “အဲဒီကောင်ဒလန်ပဲ။ ပစ်သတ်လိုက်” လို့ ပြောသံကြားလိုက်ပြီးတော့ အသံနဲ့အတူ သေနတ်သံပါ တန်းကြားလိုက်ရတာ။ ရက်စက်လွန်းလှတဲ့ ခေတ်ရောက်နေပါပြီ။ လူတွေကို သေချာမစဥ်းစားမဆင်ခြင်တော့ဘဲ ပါးစပ်အပြောတွေနဲ့ပဲ လူ့မိစ္ဆာတွေက ကြက်ကလေး ငှက်ကလေးသတ်နေသလို ပစ်သတ်နေကြတော့တာ”ဟု သေဆုံးသွားသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ပဲလှေ့နေသူမှ နောက်စေ့နှင့် ခါးသေနတ်ဒဏ်ရာများရရှိကာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့သဖြင့် သတ်ဆိုင်ရာအဖွဲ့များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အလားတူပင် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီးရှိ ငါန်းဇွန်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မတ္တရာမြို့နယ်များတွင်လည်း အပြစ်မဲ့ပြည်သူများကိုဒလန်ဟုစွပ်စွဲကာ တစ်ရက်ထဲ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *