October 23, 2024

မီးလောင်မှုကြောင့် မျက်နှာစာဝရန်တာမှ တွယ်ဆင်းလာသူများ တွေ့ရစဥ် (ဓာတ်ပုံ - CJ)

၁၅. ၂. ၂၀၂၃
Written by Peya

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တိုက်ခန်းမီးလောင်၍ တိုက်တွင်းနေထိုင်သူများ မျက်နှာစာဝရန်တာမှ ခက်ခဲစွာဆင်းသက်တိမ်းရှောင်ရမှု ယနေ့ ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၂ နာရီ မိနစ် ၅၀ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တာမွေမြို့နယ်မီးသတ်စခန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၂၈ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုကြောင့် အဆိုပါတိုက်ခန်းတွင် နေထိုင်သူများ ဘေးကင်းစေရန်အတွက် ကယ်ထုတ်မှုများလည်း ပြုလုပ်ခဲ့ရကြောင်း ကနဦး သတင်းများ အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *