October 23, 2024

၁၅. ၂. ၂၀၂၃
Written by Peya

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ သက်တမ်း ၇၃ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဘွဲလွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် သိရသည်။

မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာ ၁ နှစ်နှင့် ၆ လ သင်တန်းနှင့် စပ်လျဉ်း၍ ဘွဲ့လွန်ဒီပလိုမာသင်တန်းမှာ Semester ၃ ခုခွဲ၍ သင်ကြားပို့ချပေးမည်ဖြစ်ပြီး Semester အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များက အဖွဲ့ ၃ ဖွဲ့ခွဲ၍ ပြုစုရေးသားခဲ့သည့်အပေါ် ဥက္ကဋ္ဌဆရာတော်၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီးများက ပြင်ဆင်ဖြည့်စွက် အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။

သင်ရိုးညွှန်းတမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ကို ရယူခဲ့ပြီးဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ယင်းကိစ္စနှင့်စပ်လျဉ်း၍ “အမှန်တကယ်တတ်ကျွမ်းသူများ ဖြစ်စေရန်လိုပါသည်”ဟု လမ်းညွှန်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အား မေလမှစတင်ကာ သင်တန်းကိုစတင်ဖွင့်လှစ်ရန် လျာထားပြီးဖြစ်ကာ ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *