October 22, 2024

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကြေညာချက်ကို တွေ့ရစဥ်

၇. ၁၀. ၂၀၂၂
Written by Thettant

လူတစ်ဦးလျှင် အများဆုံး ရွှေ ၁၀ သားနှုန်းဖြင့် မီးလင်း ရွှေခုနစ်ပိဿာအား စျေးနှုန်းသက်သာစွာဖြင့် ယနေ့ရောင်းချပေးမည်ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် SAC က ရွှေစင်တုံးနှင့် ရွှေစင်ရွှေခဲ ၃ ပိဿာစီအား တစ်ကျပ်သား ကျပ် ၂၄ သိန်း ကြမ်းခင်းစျေးဖြင့် စက်တင်ဘာ ၆ ရက်က ရောင်းချရာ ရန်ကုန်ရော မန္တလေးတွင်ပါ ကျပ် ၂၅ သိန်း ပတ်ခြာလည်ဖြင့် ရောင်းချနိုင်ခဲ့ပြီးနောက် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းကပါ မီးလင်းရွှေခုနစ်ပိဿာ ရောင်းချပေးမည်ဟု ကြေညာလာခြင်းဖြစ်သည်။

မည်သည့်စျေးဖြင့် ရောင်းချပေးမည်ကို ကြေညာထားခြင်းမရှိဘဲ စတင်ရောင်းချသည့် နေ့လယ် ၂ နာရီတွင်မှ စျေးကြေညာမည်ဖြစ်ကြောင်းနှင့် မည်သူမဆို မှတ်ပုံတင်ပြ၍ လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းရွှေစျေးကွက်တွင်မူ အောက်တိုဘာ ၆ ရက်က အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၆ သိန်း ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး SAC က ရောင်းချပေးသည့် ရွှေစင်တုံးများမှာ ကြမ်းခင်းစျေး ၂၄ သိန်းဖြစ်သဖြင့် ရွှေစျေးဖြစ်သင့်သည့်နှုန်းမှာ အဆိုပါ ပမာဏတွင်ဖြစ်သည်ဟုလည်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။

” အစိုးရက ပထမတစ်ကြိမ်လေလံပစ်တာမအောင်ပေမဲ့ ဒုတိယတစ်ကြိမ်လေလံပစ်တော့ ကြမ်းခင်းစျေးက ၂၄ သိန်း လေလံအောင်တော့ ၂၅ သိန်း ပတ်ခြာလည်နဲ့ဆိုတော့ ပြင်ပရွှေဖြစ်သင့်တဲ့နှုန်းက ၂၅ သိန်းနဲ့ ၂၆ သိန်းလောက်ဆိုတဲ့သဘောပေါ့။ ဒါကြောင့်မို့လို့ ၂၆၇၀၀၀၀ နားမှာ ရပ်နေတဲ့ ရွှေစျေးက ညနေစျေးအပိတ်မှာ ထပ်ဆင်းသွားတာ။ မှန်းထားတာမိတာတော့ ၂၅ သိန်းနဲ့ ၂၆ သိန်းကြားဆို ဖြစ်သင့်တဲ့စျေးတန်းလို့ ယူဆတာပေါ့ ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *