October 23, 2024

Photo-Htin Lin Aung

၁၅. ၂. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး၊ ညောင်ပင်မှတ်တိုင်အနီးတွင် ကားသုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသား နှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာဒုံမြိုနယ် အမှတ် (၃) လမ်းမကြီး၌ ဖယ်ရီကြိုပို့ယာဥ်၊ တက္ကစီနှင့် Hijet ကားသုံးစီး ဆင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဥ်တွင် Hijet ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *