၁၄. ၂. ၂၀၂၃
ရိုက်ကူး/တည်းဖြတ် – သန္တာ ၊ ဟေမာ
“Jenney က ချစ်ရင်တော့ ဇွတ်ပဲချစ်တာပါ။ အခုလည်း ဇွတ်ပါပဲ။ အချစ်ကြောင့်မင်းသမီးဖြစ်လာတယ် ဆိုပေမယ့် အချစ်ကို ကြောက်သွားတာမျိုးတော့ မရှိပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်း မကောင်းခြင်း Jenney ရဲ့ ယုံကြည်မူတွေက အချစ်ပေါ်မှာ ဘယ်တော့မှပျောက်မသွားဘူး။ အချစ်အပေါ်မှာ ဖြစ်ဖြစ် စီးပွားရေး အပေါ်မှာပဲ ဖြစ်ဖြစ် ဘယ်အပေါ်မှာဖြစ်ဖြစ် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတစ်ခုကြောင့် Jenney က ဘယ်တော့မှ ပြောင်းလဲသွားမယ် မထင်ပါဘူး။ Valentine’s Day မှာ လက်ဆောင်တွေမရတာ ၄ ၊ ၅ နှစ်လောက်ရှိပါပြီ။ တကယ်မလိမ်ဘူး ကိုယ့်ကို ရှိန်ကြတာမသိဘူး ။ လက်ဆောင်မရဘူး သနားစရာလေးပါ။ Valentine’s Day မှာ လက်ဆောင်လာမပေးကြတာ တစ်ခုခုကြောင့် နေမှာပေါ့နော်။ မယုံရင် အိမ်လာကြည့်ပါ။ ကိုယ့်ကို ပိုးပန်းပြီး လာပေးတာမျိုး တကယ်ကို မရှိပါဘူး။ ကိုယ်ကသာ ပေးတာပါ” ဆိုတဲ့အကြောင်း ဖုန်းသီရိကျော်က ပြောလာတာကို MT News Entertainment ရဲ့ ဒီရုပ်သံလေးမှာ နားဆင်နိုင်မှာပါ။