၁၄. ၂. ၂၀၂၃
Written by Pan Ei
ဖိလစ်ပိုင်နိုင်ငံက မြို့တော်ဝန်တစ်ဦးဟာ အထီးကျန်နေတဲ့ တစ်ကိုယ်တည်းသမား(Single) ဝန်ထမ်းတွေကို ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ရက်) ရဲ့ အလုပ်ချိန်တွေအတွက် ကျေးဇူးတင်ကြောင်းပြသဖို့နဲ့ “တစ်စုံတစ်ယောက်က သူတို့ကိုချစ်ကြောင်း” ပြသဖို့ အပိုလစာပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ကွီဇွန်ပြည်နယ် ဂျနရယ်လူနာမြို့တော်ခန်းမမှာရှိတဲ့ ငါးနှစ်ကျော်ကြာ တစ်ကိုယ်တည်းဖြစ်နေတဲ့ Single ဝန်ထမ်းတွေဟာ ပုံမှန်နေ့စဉ်လုပ်အားခရဲ့ သုံးဆပိုမိုရရှိမှာဖြစ်တယ်လို့ မြို့တော်ဝန် မက်ဖလိုရီဒို ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခြားသော စင်ဂယ်ဝန်ထမ်းတွေဟာလည်း ချစ်သူများနေ့အတွက် နေ့စဉ်လုပ်အားခ နှစ်ဆ ရရှိနိုင်မယ့်အခွင့်အရေးနဲ့ အခြားနားရက်တစ်ရက် ယူနိုင်တဲ့ အခွင့်အရေးတွေ ရွေးချယ်ခွင့် ရှိပါသေးတယ်။
“ဒီနေ့ သူတို့ဘာတွေ ကြုံတွေ့ ခံစားနေရမလဲဆိုတာ ငါသိတယ်။ သူတို့အတွက် ငါခံစားရပါတယ်။ တစ်ယောက်ယောက်က သူတို့ကို ဂရုစိုက်တယ်၊ တစ်ယောက်ယောက်က သူတို့ကို ချစ်တယ်လို့ ခံစားရစေချင်ပါတယ်” လို့ မွေးကတည်းက တစ်ကိုယ်တည်းသမားဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် မြို့တော်ဝန် ဖလော်ရီဒိုက ပြောကြားခဲ့ပါတယ်။
မြိုတော်ခန်းမဝန်ထမ်း ၂၈၉ ဦးအနက် ၃၇ ဦးဟာ တစ်ကိုယ်တည်းဖြစ်တယ်လို့ အတည်ပြုဖို့ တင်းကြပ်တဲ့စစ်ဆေးရေးလုပ်ငန်းစဉ်တွေကို ကျော်ဖြတ်နိုင်ခဲ့ကာ လစာအပိုရရှိဖို့ အရည်အချင်းပြည့်မီခဲ့တယ်လို့ သိရပြီး အသက်အကြီးဆုံး လက်ခံရရှိသူက အသက် ၆၄ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။
Ref; CNA