October 23, 2024

၁၄. ၂. ၂၀၂၃
Written By Thandar

သမီးဆိုး ဇာတ်ကားကြောင့် ပရိသတ်အားပေးမူ ပိုမိုရရှိလာတဲ့ သရုပ်ဆောင်ထက်ထက်ထွန်းက ဇာတ်ကားတစ်ခုကို ပိုက်ဆံရရင်ပြီးရောဆိုပြီး ရိုက်မယ့် ကာရိုက်တာမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ရွှေပုံဧရာကာရိုက်တာက ထက်ထက်ကို Role တစ်ခုတင်ပေးလိုက်တဲ့ ဇာတ်ကောင်လေးပါ။ ဒီဇာတ်ကောင်ကို ထက်ထက်ရဲ့ စိတ်ထဲမှာ စွဲနေပြီးတော့ ရင်ထဲမှာ စွဲနေတဲ့ ကာရိုက်တာလေးပါ။ ထက်ထက်အနေနဲ့ တခြား ဇာတ်ကောင်လေးကိုလည်း ဖန်တီးထားတာရှိတယ်။ ရွှေပုံဧရာလို မဟုတ်ပေမယ့် ရွှေပုံဧရာရဲ့ ခွန်အားတွေ သမီးဆိုးကြောင့် ပရိသတ်ချစ်လာကြတယ်။ ရွှေပုံဧရာကြောင့် ထက်ထက်ကို သိလာတဲ့သူတွေက ကာရိုက်တာ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်ပေးကြပါလို့ ပြောချင်ပါတယ်”လို သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။

သူမက အလှမယ်အဖြစ်ကနေ အနုပညာသရုပ်ဆောင်ပိုင်းရောက်လာပြီး သမီးဆိုး ဇာတ်လမ်းတွဲကြောင့် ပရိသတ်ပိုသတိထားမိတဲ့အတွက်လည်း အရမ်းကို ကျေနပ်ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ ထက်ထက်ထွန်းကို ရွှေပုံဧရာ ကာရိုက်တာနဲ့ ပရိသတ်တွဲသိပြီး ကြည့်ရှုမူများလာတဲ့အတွက် အနုပညာအလုပ်အပြင် Live Sale တွေလည်း ရောင်းနေရသလို ပွဲတွေလည်း တော်တော်များများ တက်ပေးနေရတယ်လို့ သိရပါတယ်။

“နောက်လာမယ့် ဇာတ်ကားမှာလည်း ကိုယ်ကကြိုးစားပေမယ့်လည်း ပရိသတ်တွေက အမှတ်ပေးကြမှာ ဖြစ်တာလေ။ သမီးဆိုးကားမှာ အရမ်းလောင်တယ် အရမ်းကြိုက်တယ် စကားသံပေးပြီး ထက်ထက်ထွန်းကို ထောက်ခံခဲ့ကြတဲ့ပရိသတ် မျက်နှာမငယ်ရအောင် သူတို့ ယုံကြည်မူမပျက်အောင် နောက်ပိုင်း ပိုပိုပြီး ကြိုးစားသွားမှာပါ။ ဇာတ်တစ်ခုကို အဖြစ်ပြီးရော ရိုက်မယ့် ကာရိုက်တာ ဘယ်တော့မှမရှိဘူး။ ပိုက်ဆံရရင် ပြီးရောဆိုပြီး ရိုက်မယ့် ကာရိုက်တာမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ဇာတ်ကိုသေချာရွေးပြီး မတူညီတဲ့ ပုံစံမျိုးလေး ချပြမှာပါ။ အခုဆိုရင် အိမ်ထောင်ရေးဇာတ်တစ်ခု ရိုက်ထားပါတယ်။ ရွှေပုံဧရာနဲ့ လုံးဝမတူတဲ့ ဒေါက်တာ ခင်သီတာဆိုတဲ့ သားဖွားမီးယပ်ဆရာဝန်မကြီးပေါ့။ အသက် ၄၀ အရွယ်လောက်ဆရာဝန်ကြီးဇာတ်ကို ပညာရှိရှိ လှောင်ထားတဲ့ ဇာတ်ရိုက်ထားတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *