MT News
Written by Tha Doe
ယမန်နေ့က COVID-19 ရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်မံတိုးလာသဖြင့် သေဆုံးသူစုစုပေါင်း ၁၉၄၆၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ၅-၁၀-၂၀၂၂ ရက် ည ၈ နာရီမှ ၆-၁၀-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၄၃၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၅၀ ဦး တွေ့ရှိသဖြင့် ရောဂါပိုး တွေ့ရှိမှု ၂.၈၂ ရာခိုင်နှုန်း ရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၁၄၁,၉၀၀ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၅,၄၉၇ ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့အထိ ပြန်လည်ကောင်းမွန်လာသူ ၃၄၉ ဦး ရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၉,၅၉၇ ရှိပြီဖြစ်ကာ ယမန်နေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁ ဦးရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉,၄၆၄ ဦး ရှိလာပြီဖြစ်သည်။