October 21, 2024

၁၄. ၂. ၂၀၂၃

Photo Tha Doe

ချစ်သူများနေ့ဖြစ်တဲ့ ဒီနေ့မနက် ၉ နာရီ ၃၅ မိလောက်အထိ ရန်ကုန်မြို့မှာ နေမပွင့်ဘဲ မြူတွေဆိုင်းနေခဲ့ပါတယ်။ မြူတွေဆိုင်းနေတာကြောင့် ရန်ကုန်တခွင်ဟာ အေးစိမ့်တဲ့ ဆောင်းအငွေ့အသက်တွေနဲ့ ဓာတ်တိုင်တစ်တိုင်စာလောက်အကွာမှာကို မြူတွေဝေ့နေတာ လွမ်းမောဖွယ်ရာပါ။

ဒါပေမဲ့ လူငယ်တွေကလွဲရင် ဝမ်းရေးအတွက် ရုန်းကန်နေရသူတွေကတော့ လုပ်ငန်းခွင်ဆီသွားဖို့ ကြိုးပမ်းနေတာကြောင့် လမ်းမထက်မှာလည်း ယာဥ်ကြောပိတ်ဆို့မှုတွေ ရှိနေဆဲပါ။

မိုးလေဝသနဲ့ ဇလဗေဒကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိတဲ့ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာသော လေအေးတွေ တွေ့ဆုံမှုကြောင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မွန်ပြည်နယ်တို့မှာ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၈ ရက်အထိ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ် ကြေညာထားပါတယ်။

ဒါကြောင့်မို့လို့ အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုဖို့ အကြံပေးထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *