October 21, 2024

၁၃. ၂. ၂၀၂၃
Written by Min Mahar

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ယင်း၏အိမ်တွင် စာရင်းငှားလုပ်ကိုင်သူကို မကျေနပ်၍ စာရင်းငှားလုပ်ကိုင်နေသူ၏မိန်းမကို ဓားစာခံအဖြစ် အကြမ်းဖက်သေနတ်သမားများက ပစ်သတ်မှု ငါန်းဇွန်မြို့နယ်တွင် ယနေ့ညနေကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်ဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးသည် ဆင်ဖြူကုန်းကျေးရွာမှ သားကျင်ကျေးရွာသို့ ဘုရားပန်းများသွားရောက်ရောင်းချခဲ့ပြီးပြန်လာခဲ့ရာမှ သားကျင်ကျေးရွာမြောက်ဘက်ထိပ်အနီးသို့ရောက်ရှိချိန်တွင် အမည်မသိအကြမ်းဖက်သေနတ်သမား ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်နေတဲ့သူတစ်ဦးပါ။ အခုလိုလူကိုမှ ရက်ရက်စက်စက်သတ်သွားကြတယ်။ သူ့ယောက်ျားက ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ စာရင်းငှားလုပ်ကိုင်နေတော့ သူ့ယောက်ျားနဲ့ အုပ်ချုပ်ရေးမှူးတို့ကို မကျေနပ်လို့ မိန်းမဖြစ်သူကို အခုလိုသေနတ်နဲ့ပစ်သတ်သွားတာဖြစ်မယ်” ဟု သေဆုံးသူနှင့်ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် စျေးသည်အမျိုးသမီး၏ ဦးခေါင်းယာဘက်ခြမ်းကို ကျည်ဖောက်ဝင်သည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်ပါးကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်ရာတွင် သေဆုံးခဲ့သောကြောင့် ရုပ်အလောင်းအား ညနေ ၄ နာရီခွဲတွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *