October 21, 2024

၁၃. ၂. ၂၀၂၃
MT News

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရွှေဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ပြင်ပရွှေဈေး ဆက်လက်မြင့်တက်ခဲ့ပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၇၂,၀၀၀ အထိရှိခဲ့ကာ ဒေါ်လာငွေလဲလှယ်နှုန်းမှာလည်း အနည်းငယ်သာ ပြောင်းလဲမှုရှိပြီး တစ်ဒေါ်လာ ကျပ် ၂၈၅၀ မှ ကျပ် ၂၈၆၀ ကြားတွင် ရှိနေသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇန်နဝါရီ ၃၀ ရက်တွင် တစ်အောင်စလျှင် ၁၉၂၃ ဒေါ်လာ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၃ ရက်တွင် ‌ရွှေတစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာ၊ ဖေဖော်ဝါရီ ၆ ရက်တွင် ရွှေတစ်အောင်စလျှင် ၁၈၇၉ ဒေါ်လာနှင့် ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၈၆၃ ဒေါ်လာအထိ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် နှစ်ပတ်အတွင်း ရွှေတစ်အောင်စ ဒေါ်လာ ၆၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၁၉၆,၀၀၀ ကျပ်သတ်မှတ်ခဲ့ကာ ပြီးခဲ့သည့်တစ်ပတ်ထက် ကျပ် ၁၅,၀၀၀ ခန့် လျှော့ချသတ်မှတ်ခဲ့သော်လည်း ပြင်ပရွှေဈေးနှုန်းသည် ယခင်တစ်ပတ်ထက် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၇,၀၀၀ ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်‌ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၆ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၄၅,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၅၅ ကျပ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၄၅,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၅၀ ကျပ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၅၆,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၅၀ ကျပ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၇၃,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၆၀ ကျပ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၆၅,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၆၀ ကျပ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၈၆၅,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂၈၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *