October 21, 2024

မြန်မာလူမျိုး ဆောက်လုပ်ရေးကန်ထရိုက်တာ စီးနင်းလာသည့် လယ်ကွင်းလွတ်တစ်ခုသို့ ပျက်ကျနေသော paramotor အား တွေ့ရစဉ်။

၁၃.၂.၂၀၂၃.
translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပါသွန်သာနီပြည်နယ်အတွင်းတွင် မြန်မာလူမျိုးတစ်ဦးစီးနင်းလာသော Paramotor ခေါ် အမြင့်တွင် လေယာဉ်မှခုန်ဆင်း၍ ဆိုင်းထားသောလေထီးဖြင့် လေဟုန်စီးမောင်းနှင်သွားလာသည့် စက်တပ်ကောင်းကင်ပျံယာဉ်တစ်စီးပျက်ကျခဲ့ရာမှ လိုက်ပါစီးနင်းလာသူ မြန်မာလူမျိုးတစ်ဦးသေဆုံးခဲ့ကြောင့် ဖေဖော်ဝါရီ ၁၃ ရက် ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။

ပါသွန်သာနီပြည်နယ် ရဲတပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့က ပြည်နယ်အတွင်း ဘန်ချန်းခရိုင်ခွဲရှိ လယ်ကွင်းလွတ်တစ်ခုသို့ ပျက်ကျနေသော Paramotor ရှိရာသို့ အမြန်သွားခဲ့ကြသော်လည်း မြန်မာလူမျိုးအား အသက်ရှင်လျက်မကယ်တင်နိုင်တော့ကြောင်း ပြောခဲ့ကြသည်။

အသက် ၄၇ နှစ်ရှိ အဆိုပါ မြန်မာလူမျိုး၏အမည်မှာ ဦးဝင်းညွန့်ဟုသိရကာ ခြေထောက်တစ်ဖက်ကျိုးခြင်း၊ နံရိုးများကျိုးခြင်း၊ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်ကျနေခြင်းတို့အပါအဝင် ဒဏ်ရာများပြင်းထန်စွာရကာ သေဆုံးခဲ့ပြီး ၃၀၃ ကုဗစင်တီမီတာရှိ ၎င်း၏ ပျက်ကျနေသော အသစ်စက်စက် Paramotor အား သေဆုံးသူဘေးတွင် တွေ့ခဲ့ကြရသည်။

၎င်း၏ဇနီးဖြစ်သည့် အသက် ၄၁ နှစ်ရှိ မီရာက သေဆုံးသူ ၎င်း၏ခင်ပွန်းမှာ ထိုင်းနိုင်ငံအတွင်းဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်ကာ Paramotor ပျံသန်းစီးနင်းရခြင်းအား ဝါသနာထုံကြောင်း ပြောခဲ့သည်။

Ref-The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *