October 20, 2024

MT News

Written by Naing Thuta

မီးစက်ဗို့အားများပြီး မှန်တင်ခုံ၌ အလှဆင်ထားသည့် LED မီးသီးများသွယ်တန်းထားသေ ာဝါယာကြိုးအပူလွန်ကဲကာ မီးလောင်ကျွမ်းမှု မန္တလေးတွင် ယမန်နေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၅လမ်းနှင့် ၁၀၇လမ်းထောင့်ရှိ အသက် ၄၁ နှစ်အရွယ်အမျိုးသား ပိုင်ဆိုင်သည့် RC ၂ ထပ်ခွဲ၊ အပေါ်ဆုံးထပ်တွင် မီးစက်ဗို့အားများပြီး မှန်တင်ခုံ၌အလှဆင်ထားသည့် LED မီးသီးများသွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းပြောပြချက်အရ သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဦးစီးမှူး ဒုညွှန်မှူး ဦးဌေးဝင်း ဦးစီးသော သန္ဓေတပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့တို့ဖြင့် အုပ်ချုပ်မှုယာဥ် ၂ စီး ၊ ရေသည်ယာဥ် ၂ စီး၊ မီးငြိမ်းသတ်ယာဥ် ၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၂၅ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ၂၅၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် မီးအားပေါ့ဆစွာသုံးစွဲခဲ့သူအိမ်ပိုင်ရှင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *