October 20, 2024

MT News

Written by Naing Thuta

၁၉ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲနှင့်ပြိုင်ပွဲများ မန္တလေးမြို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်းထံမှ သိရသည်။

မန္တလေးတိုင်းဒသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက် ၊ ၆၈ လမ်းနှင့် ၇၃လမ်းကြား၊ ၁၀၂ (A)လမ်းနှင့် ၁၀၇ လမ်းကြားရှိ မန္တလာသီရိအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက ၁၉ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရဝန်ကြီးများ၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Neeraj Kumar၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr Chen Chen၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်များ၊စုစုပေါင်းအင်အား ၃ဝ၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်​ကူးခြင်း၊ ပြိုင်ပွဲဝင်ပစ္စည်းများနှင့်ပြခန်းများအား လှည့်လည်ကြည့်ရှုကြခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ဆုရရှိသူများအား တာဝန် ရှိသူများမှ ဆုချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *