October 19, 2024

MT News

Photo Tha Doe

SAC အစိုးရလက်ထက် ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တဲ့ ပွဲတော်ညတွေထဲမှာ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲတော်ဟာ ထူးထူးခြားခြားကို စည်ကားနေတာ တွေ့ရပါတယ်။

တိုင်းရင်းသားရိုးရာပြခန်းတွေ၊ ရိုးရာအစားအသောက်တွေ၊ စတုဒိသာမြင်ကွင်းတွေ၊ တိုင်းရင်းသားရိုးရာအက တင်ဆက်နေတဲ့မြင်ကွင်းတွေနဲ့ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ပနံ့ရနေပုံတွေအပြင် အရင်ကလို တိုက်ဖို့ခိုက်ဖို့အသင့်ဖြစ်နေပြီး ထရစ်ဂါထဲ လက်အသင့်ဆွဲဖို့ပြင်နေတဲ့ပုံစံထက် မျက်နှာကြောတွေလျှော့ပြီး သေနတ်ပြောင်း အောက်ချထားတဲ့၊ စျေးပတ်ဝယ်လိုက် စားလိုက်သောက်လိုက်လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ လူပေါင်းသောင်းချီ အေးချမ်းပျော်ရွှင်နေပုံတွေက “တပေါင်းစစ်ချီ ဒေါင်းစစ်သည်”ဟာ ရွှေတိဂုံရင်ငွေ့လှုံ့တဲ့ ပြည်သူ့ရင်ပြင်မှာ အေးချမ်းစွာစ,ချီဖို့များ အားယူနေသလား တွေးစရာဖြစ်သွားလောက်အောင် လူပေါင်းသောင်းချီ စည်ပါတယ်။

တန်ဆောင်တိုင်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးနေ့ပွဲတွေထဲက တစ်နေ့နေ့မှာ ပြည်သူ့ရင်ပြင် ရောက်ခဲ့ဖူးတယ်ဆိုရင် ပြည်ထောင်စုနေ့ ပြည်သူ့ရင်ပြင်ပွဲကိုထပ်သွားကြည့်ပါ။ ဘာလို့များ ဒီလောက်စည်ကားနေပါလိမ့်ဆိုပြီး တွေးမိစေမှာ အမှန်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *