October 19, 2024

ငလျင်ကြောင့် ဟာတေးပြည်နယ်အတွင်း ပြိုကျခဲ့သော အဆောက်အအုံတစ်ခု၏ အပျက်အစီးများ အောက်တွင် ၁၄၉ နာရီကြာ ပိတ်မိအသက်ရှင်နေခဲ့သူအား ဖေဖော်ဝါရီ ၁၂ ရက်က ပြန်လည်ကယ်ဆယ်နိုင်ခဲ့စဉ်

၁၂.၂.၂၀၂၃.

translated by Htwe Ko Tun

တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက် နံနက် အစောပိုင်းက လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်ကြောင့် ဟာတေးပြည်နယ်အတွင်း ပြိုကျခဲ့သော အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် အသက် ၃၅ နှစ်အရွယ် လူတစ်ဦးအား ငလျင်လှုပ်ခတ်အပြီး ၁၄၉ နာရီအကြာ ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်တွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu က ထုတ်ပြန်ခဲ့သည်။

အဆိုပါလူ၏အမည်က မတ်စတာဖါ ဆာရီဂူလ်ဟု သိရပြီး ခြောက်ထပ်တိုက်အဆောက်အအုံတစ်ခု၏ ပြိုကျအပျက်အစီးများအောက်တွင် ပြန်လည်တွေ့ရှိခဲ့ရခြင်းလည်းဖြစ်သည်။ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့များက အဆိုပါလူအား အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ရန် ငါးနာရီကြာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

တူရကီတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်နံနက် အစောပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ တူရကီနှင့်ဆီးရီးယားနှစ်နိုင်ငံပေါင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နံနက်အထိ အနည်းဆုံး ၂၈၁၉၂ ဦးရှိပြီး၊ တူရကီတစ်နိုင်ငံတည်း၌ သေဆုံးသူ အနည်းဆုံး ၂၄၁၆၇ ဦးရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *