October 19, 2024

MT News

Written by Naing Thuta

ဆိုလာမှဝါယာကြိုးအား ပြတင်းပေါက်တံခါးဖြင့် ဖိထားရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကုန်ပစ္စည်းများအား မီးကူးစက်လောင်ကျွမ်းမှု မန္တလေးရှိ သုခမြိုင်ကုန်စုံဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးပိုင်ဆိုင်သော သုခမြိုင်ကုန်စုံဆိုင်၊နံကပ် ၂ ထပ်တိုက်၏ နေအိမ်ဈေးဆိုင် အပေါ်ထပ်တွင် ဖေဖော်ဝါရီ ၁၁ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်က နေအိမ်အပေါ်ထပ်ရှိ ဆိုလာမှ ဝါယာကြိုးအား ပြတင်းပေါက်တံခါးဖြင့် ဖိထားရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကုန်ပစ္စည်းများအား မီးစတင် လောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှဒုတိုင်းဦးစီးမှူး ဦးဌေးဝင်း၊ မီးသတ်ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင် ၅၇ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးနှင့်ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ မီးသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးတို့ဖြင့် Level 1 အဆင့်သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၆၀×၄၀ ပေ နံကပ် ၂ ထပ်တိုက်နေအိမ်မျက်နှာကြတ် မီးလောင်သဖြင့် တန်ဖိုး ၁၂ သိန်းကျပ်ခန့်နှင့် ကုန်ပစ္စည်းလောင်ကျွမ်းမှု တန်ဖိုး သိန်း ၂၀ ခန့်၊ စုစုပေါင်းဆုံးရှုံးမှုကာလတန်ဖိုး ၃၂ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *